တောင်းဆု
------------
ပန်းလှတင့်ဟန် ၊ သဏ္ဍာန်ဟန်ပြု
သူ့အမူရာ ၊ မာယာများတို့
ကင်းလို့ကြည်စင် ၊ ပင်ကိုယ်ကလျှင်
အလှရှင်လေ ။
လေပြေအလား ၊ သူ့နှုတ်ဖျားမှာ
ညှင်သာတိုးလျ ၊ ချိုမြညံ့နု
သူ့အပြောများ ၊ တစ်သက်မုသား
မဲ့ထားပါစေ ။
လဝန်းစန္ဒာ ၊ သာသည့်အလား
သူ့နှလုံးသား ၊ အပြုံးများဖြင့်
လှဂုဏ်တင့်ခဲ့ ၊ တစ်သက်ပြုံးလျက်
နေတတ်ပါစေ...။ ။
#လူလေး(အညာမြေ)